ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဘက်များနှင့် ၂၀ဝ၈ ခြေ/ဥ အနှစ်သာရပြုပြင်ပြောင်းလဲရေးဆိုင်ရာများ ဆွေးနွေး

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဘက်များသည် မေလ ၇ ရက်နေ့တွင် DPNS ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဒီမိုကရေစီရေးလုပ်ဖော်ကိုင်ဘက်များက ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ဆွေးနွေးပွဲမှ စုစည်းရရှိချက်များ၊ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ပါတီတာဝန်ရှိသူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရ ပြောင်းလဲရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စများကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”574″ display=”basic_thumbnail”]