ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရခြင်း ၂ နှစ်ပြည့်

ပါတီလှုပ်ရှားမှုများ

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ၁၀-၃-၁၇ ရက်နေ့ နံနက် ၁၀:၁၀ နာရီအချိန်တွင် လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းတိုက်၌ ဗကသများအဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသူရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အောင်မြေဗိမာန် ကျောင်းထိုင်ဆရာတော်က ဩဝါဒကထာ မြွက်ကြားပေးခဲ့ပါသည်။ ထို့နောက် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများ ဖတ်ကြားခဲ့ပြီး သပိတ်တွင် ပါဝင်ခဲ့သူများကလည်း အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ အခမ်းအနားသို့ ဗကသများအဖွဲ့ချုပ်၊ အကသ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျောင်းသားမိဘများ၊ သပိတ်တွင် ပါဝင်ခဲ့သူများ၊ ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။