“ဒီမိုကရေစီနိုင်ငံရေးအသွင်ကူးပြောင်းမှု ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတော်တည်ဆောက်ရေး အမျိုးသားရေးအသွင်လက္ခဏာတည်ဆောက်ရေး” သင်တန်း

ပါတီလှုပ်ရှားမှုများ

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် “ဒီမိုကရေစီနိုင်ငံရေးအသွင်ကူးပြောင်းမှု ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတော်တည်ဆောက်ရေး အမျိုးသားရေးအသွင်လက္ခဏာတည်ဆောက်ရေး” သင်တန်းကို ၂၀၁၈ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကမာရွတ်မြို့နယ်ရှိ စကားဝါခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ လက်ရှိမြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် မတူကွဲပြားခြားနားသည့် ဒေသအသီးသီးနှင့် လူမျိုးစုအသီးသီးမှ လူငယ်များကြားတွင် ယုံကြည်မှုနှင့် နားလည်မှု မြင့်တက်လာစေရန် အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် လူငယ်များအနေဖြင့် ပိုမိုတက်ကြွစွာ ပါဝင်လာနိုင်ရန် ရည်ရွယ်၍ သင်တန်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုအနေအထား အနာဂတ်နိုင်ငံတော်အတွက် ရည်မှန်းချက်များ အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်ရာတွင် အခြေခံသင့်သည့် အဓိကအုတ်မြစ်များနှင့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ဦးမင်းဇင်၊ ဦးစိုင်းကျော်ညွန့်၊ ဦးဝင်းညီညီဇော်နှင့် ဦးရဲမျိုးဟိန်းတို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များဖြစ်ကြသည့် ကိုရဲအောင်အေးနှင့် ကိုဟန်သူတို့ တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”391″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]