တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးပြုလုပ်

ပါတီလှုပ်ရှားမှုများ

၂၀၁၆၊ ဧပြီလ ၄ ရက်နေ့က ပါတီဌာန ချုပ်ရုံး၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာ ကော်မတီက တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီဝင်ရဲဘော်များက မိမိတို့ဒေသအသီးသီးတွင် ကြုံတွေ့နေရသော လယ်ယာမြေပြဿနာများ၊ တောင်သူလယ်သမားတို့၏ အခက်အခဲနှင့် အခြေအနေများကို တင်ပြဆွေးနွေးကြပြီး ကော်မတီအနေဖြင့် ဆောင်ရွက်ကြရမည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိအောင် ဆောင်ရွက်ရေး၊ ပုံစံ (၇) ရရှိရန်အတွက် လယ်သမားများကို အကူအညီပေးရေး၊ လယ်သမားများ၏ အရည်အချင်းနှင့် ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးရေးနှင့် တောင်သူလယ်သမားများ၏ ဒေသအလိုက်သမဂ္ဂများ ဖွဲ့စည်းရာတွင် ဝန်းရံကူညီရေး စသည့် လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ဋ္ဌာနချုပ်မှ အတွင်းရေးမှူးအဖွဲ့နှင့် တောင်သူလယ်သမားရေးရာ ကော်မတီတာဝန်ခံများက ဆွေးနွေးပွဲ ရရှိချက်များအပေါ် မူတည်ပြီး လက်တွေ့ဆောင်ရွက်ကြရမည့် ၂၀၁၆ ခုနှစ် လုပ်ငန်းစဉ် အသေးစိတ်ကို ဆက်လက်ရေးဆွဲပေးကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။