တောင်သူလယ်သမားရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တောင်သူလယ်သမားရေးရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ပါသည်။

တောင်သူလယ်သမားရေးနှင့် မြေယာကိစ္စရပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ကြခြင်းဖြစ်သည်။

ကော်မတီအစည်းအဝေးကို ပါတီဋ္ဌာနချုပ်အတွင်းရေးမှူး(၁) ဦးသီဟထွဋ်ခင်နှင့် တောင်သူလယ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးသန့်စင်၊ ဒုတိယတာဝန်ခံ ဦးကျော်မိုးလှိုင်တို့က ဦးဆောင်ဆွေးနွေးပေးပြီး အသေးစိပ် လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားအရေးနှင့် မြေယာပြဿနာများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ ထပ်မံကြုံတွေ့လာနိုင်သော အခက်အခဲများကို အကျယ်အပြန့် ဆွေးနွေးကြသည်။

တောင်သူလယ်သမားရေးရာကော်မတီက ချမှတ်ထားသော ၂၀၁၆ခုနှစ် လုပ်ငန်းစဉ် (၁၁) ရပ်အပေါ် မူတည်၍ လက်တွေ့ဆောင်ရွက်ကြရမည့် အသေးစိပ်လုပ်ငန်းစဉ်များကို ဒေသများအလိုက် ရေးဆွဲကြရန်နှင့် လာမည့်ဧပြီလ ၄ ရက်၊ ၅ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးတွင် ပြန်လည်စုစည်းကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။