တိုးတက်သောမဟာမိတ်အဖွဲ့ (Progressive Alliance) ညီလာခံသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

တိုးတက်သော မဟာမိတ်အဖွဲ့( Progressive Alliance)က ဦးဆောင်ပြုလုပ်သည့် “မျှတ၍ ကြွယ်ဝသော ကမ္ဘာအတွက် လူမှုတရားမျှတရေးနှင့် အစဉ်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် ညီလာခံတရပ်ကို မွန်ဂိုးလီးယား ပြည်သူ့ပါတီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ ညီလာခံကို ၂၀၁၇၊ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် မွန်ဂိုလီးယားနိုင်ငံမြို့တော်၊ အူလန်ဘာတာမြို့၊ ရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် PA ၏ ကြိုးကိုင်ကော်မီတီဝင်တဦးအနေဖြင့် ညီလာခံတက်ရောက်ခဲ့ပါသည်။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း လေ့လာသူများအနေဖြင့် တက်ရောက်ခဲ့ကြပါသည်။ ညီလာခံသို့ သြစတြေးလျ၊ ကော်စတာရီကာ၊ ဂျော့်ဂျီယာ၊ ဂျာမဏီ၊ အင်ဒိုနီးရှား၊ အီရတ်၊ အစ္စရေး၊ မလေးရှား၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ နီပေါ၊ နယ်သာလန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ဆွီဒင်၊ အရှေ့တီမော၊ ဗြိတိန်တို့မှ မဟာမိတ်အဖွဲ့ဝင်ပါတီများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”207″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]