တိုးတက်သောဒီမိုကရက်တစ်အင်အားစု(PDF)နှင့် မဟာမိတ်အင်အားစုများ၏ အစည်းအဝေး

ပါတီလှုပ်ရှားမှုများ

တိုးတက်သောဒီမိုကရက်တစ်အင်အားစု(PDF)နှင့် မဟာမိတ်အင်အားစုများ၏ အစည်းအဝေးကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ၂၀၁၈ မေလ ၂ ရက်နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ယနေ့ကာလငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ လတ်တလောဆောင်ရွက်သင့်သည်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအင်အားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဉာဏ်လင်းသစ်ရည်ညွှန်းစာကြည့်တိုက်၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့မှခေါင်းဆောင်များ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”394″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]