တကသအဆောက်အဦး ပြန်လည်တည်ဆောက်ရေး အစည်းအဝေး

ပါတီလှုပ်ရှားမှုများ

တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရန် အစည်းအဝေးကို၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၈)ရက်နေ့တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီခန့်အထိ ကျင်းပခဲ့ရာ မျိုးဆက်အသီးသီးမှ သမဂ္ဂကျောင်းသားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
တက်ရောက်ဆွေးနွေးခဲ့ကြသော ၁၉၅၃-၂၀၁၇ ကျောင်းသားမျိုးဆက်များက တနိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများအားလုံးတွင် သမဂ္ဂ၏ တရားဝင်တည်ရှိမှုအား တစုံတရာ အာမခံချက်ရရှိပြီးမှသာ ကော်မတီဖွဲ့စည်းရေးအတွက် ကျယ်ပြန့်သည့် အစည်းအဝေးများ ပြုလုပ်ခြင်းက လက်တွေ့ကျပြီး ပိုမိုအကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဟု ၎င်းတို့အားလုံး၏ သဘောထားကို ဖေါ်ပြဆွေးနွေးခဲ့ကြသည်။