“ဇွဲကပင်သက်သေ ဒို့ယာမြေ” မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ကရင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့နှင့် Ethnic Peace Resources Project(EPRP) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကရင်ပြည်နယ်အတွင်းရှိ မြေယာပြဿနာများအား လေ့လာတင်ပြချက်စာတမ်း “ဇွဲကပင်သက်သေ ဒို့ယာမြေ” မိတ်ဆက်ပွဲအခမ်းအနားကို ၁-၁၁-၁၆ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွယ်ကဘောင်မိုတယ်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ စီစဉ်သူများက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ အဓိကတွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လယ်ယာမြေအသိမ်းခံရသော တောင်သူဦးကြီးများက ၎င်းတို့၏ မြေယာသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်နှင့် ကိုဇော်ရဲထက်တို့ တက်ရောက်ခဲ့ကြပါသည်။