ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်လူငယ်အဖွဲ့ဝင်များ လာရောက်လေ့လာ

ပါတီလှုပ်ရှားမှုများ

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်လူငယ်(SSU) အဖွဲ့ဝင်များသည် ၅- ၁၁- ၁၆ ရက်နေ့ ညနေပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြပါသည်။ SSU အဖွဲ့ဝင်များအား DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်(YNS) အတွင်းရေးမှူး ကိုဟန်သူတို့က လက်ခံတွေ့ဆုံ၍ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။