ဆရာဦးလှရွှေ(အောင်သာ-PPP)၏ “နိုင်ငံရေးဆိုတာ သမိုင်း၊ သမိုင်းဆိုတာ နိုင်ငံရေး” စာအုပ်မိတ်ဆက်ပွဲနှင့် အသက်(၈၀)ပြည့် အမှတ်တရအခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ဆရာဦးလှရွှေ(အောင်သာ-PPP)၏ “နိုင်ငံရေးဆိုတာ သမိုင်း၊ သမိုင်းဆိုတာ နိုင်ငံရေး” စာအုပ်မိတ်ဆက်ပွဲနှင့် အသက် (၈၀) ပြည့် အမှတ်တရအခမ်းအနားကို ၂၀၁၇၊ နိုဝင်ဘာ ၁၄ ရက်နေ့က တောင်ဥက္ကလာ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅ နိုင်ငံရေးအင်အားစုများ၊ ဆရာဦးလှရွှေအား ချစ်ခင်လေးစားသူများ အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ဆရာဦးလှရွှေကလည်း စာအုပ်ရေးသားရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”284″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]