ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပြည်သူ့စာရေးဆရာ ပြည်သူ့သတင်းစာဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့်အခမ်းအနားကို ၂၀၁၇ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ တောင်ဥက္ကလာပစိတ်တိုင်းကျ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ ဆရာဦးအံ့မောင်၊ သိက္ခာတော်ရဆရာဦးကျော်ညွန့်၊ ကိုကိုးကျွန်းပြန်ဦးလှချို၊ ဆရာဦးအောင်မော်၊ ဆရာမဒေါ်ခင်နှင်းဦး၊ ဆရာကိုလေးမြတ် သားဖြစ်သူ ဦးဗဟိန်းအောင်တို့က ဆရာဗန်းမော်တင်အောင်၏ စာပေနှင့်နိုင်ငံရေးဖြတ်သန်းမှုတို့ကို အမှတ်တရ ဂုဏ်ပြုပြောကြားခဲ့ကြပါသည်။ ထို့နောက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်နှင့် ကိုကိုးကျွန်းပြန်နိုင်ငံရေးအင်အားစုတို့ကို ဆရာဗန်းမော်တင်အောင်မိသားစုက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံရေးနှင့် စာပေအနုပညာနယ်ပယ်မှပုဂ္ဂိုလ်များ ဆရာဗန်းမော်တင်အောင်ကို ချစ်ခင်လေးစားသူများ တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”274″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]