ဆရာကြီး ဂူဗိမာန် နှစ် (၅၀) ပြည့်အခမ်းအနား ကျင်းပရေး အစည်းအဝေး

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ရက်တို့သည် ဆရာကြီးဂူဗိမာန်တွင် အစည်းအဝေးများ ကျင်းပခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့်အတွက် ထိုအစည်းအဝေးများသို့ ပါတီမှ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးများကို ၂၀၁၆၊ ဇွန်လ ၅ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပခဲ့ကြပြီး အစည်းအဝေး၌ ဇူလိုင် ၂၃ ရက်နေ့တွင် ကျရောက်မည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်ပြည့်နှင့် ဂူဗိမာန် နှစ် (၅၀) ပြည့် အခမ်းအနားကျင်းပရေးအတွက် အသေးစိတ် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးများမှ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ ဂူဗိမာန်၌ ဇူလိုင်လ ၂၁ ရက် နေ့လည် ၁းဝ၀ နာရီတွင် ကဗျာရွတ်ဆိုခြင်းအစီအစဉ်၊ ၂၂ ရက် နေ့လည် ၁းဝ၀ နာရီတွင် စာတမ်းဖတ်ခြင်းအစီအစဉ်၊ ၂၃ ရက်နေ့ နံနက် ၇းဝ၀ နာရီမှ ၉းဝ၀ နာရီအထိ ဧည့်ခံကျွေးမွေးခြင်းအစီအစဉ်နှင့် နံနက် ၁၀းဝ၀ နာရီမှ ၁၂းဝ၀ နာရီအထိ အခမ်းအနားအစီအစဉ်များဖြင့် ကျင်းပမည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။