ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ရက် တာဝန်ရှိသူများသည် ၂၅- ၄- ၂၀၁၆ ရက်နေ့က ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်းတွင် တွေ့ ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လက်ရှိနိုင်ငံရေး အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်သော အမြင်သဘောထားများကို ရင်းရင်းနှီးနှီး ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း မပြုလုပ်နိုင်သေးသမျှ  စစ်အာဏာရှင်စနစ်၏ ဗိုလ်ကျစိုးမိုးမှုများသည် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေဦးမည် ဖြစ်ကြောင်း၊ ထို့အတွက် အစိုးရသစ်အပါအဝင် အင်အားစုအားလုံးက ၎င်းကိစ္စအပေါ် အလေးအနက်ထားကြရန် လိုအပ်ကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး တနည်း အရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရရှိဖို့ဆိုသည်မှာလည်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းနှင့် တိုက်ရိုက်အချိုးကျနေကြောင်း ဆွေးနွေးခဲ့ကြပါသည်။