ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ အစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကို ၁၅- ၉- ၁၆ ရက် နေ့လည်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရန်ကုန်၊ မြင်းခြံနှင့် ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ကွန်ရက်အသီးသီး၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်နေမှုများ၊ မကြာမီက ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် သုံးသပ်ချက်၊ ငြိမ်းချမ်းရေးရရှိရန် ရှေ့ဆက်လုပ်ဆောင်သင့်သောကိစ္စရပ်များ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ညီညွတ်ရေး၊ တန်းတူရေး အစရှိသည်တို့အပေါ်တွင် အခြေခံသော သူမနာကိုယ်မနာငြိမ်းချမ်းရေးမူအား ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိလက်ခံလာနိုင်ကြစေရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။