ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးတက်ရောက်

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးတက်ရောက်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၁၆- ၁၀- ၁၆ ရက် နေ့လည်က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ရာ ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် နယ်များရှိ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ့ငြိမ်းချမ်းရေး လက်ရှိအနေအထားများကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။