ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်သစ်များတွေ့ဆုံခြင်း

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်သစ်များသည် ၇- ၁၂- ၁၆ ရက် နေ့လည်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဗကသ ဗဟိုလုပ်ငန်းကော်မတီအသစ်ကို ကြိုဆိုကြောင်း မှိုင်းငြိမ်းကွန်ရက်၏ သဘောထားထုတ်ပြန်ချက်ကို ပေးအပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ဆက်ခံပြီး မှိုင်းငြိမ်းကွန်ရက်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးအယူအဆအပေါ် ရပ်တည်ပြီး ကွန်ရက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်နက်ကိုင်တိုက်ပွဲများ ရပ်ရုံမျှဖြင့် ငြိမ်းချမ်းရေးရပြီဟု ယူဆ၍မရကြောင်း နှင့် လက်ရှိနိုင်ငံရေး အခြေအနေများကို မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေး တင်ပြခဲ့ကြသည်။ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်များကလည်း လတ်တလော ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့်ကိစ္စများကို ပြန်လည် တင်ပြ ဆွေးနွေးခဲ့ကြပါသည်။