ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေး (၈.၁.၂၀၁၇)

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၈- ၁- ၁၇ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ ၄-၁-၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထားကြေညာချက်နှင့် ပတ်သက်သောကိစ္စများ၊ နယ်များတွင် မှိုင်းငြိမ်းကွန်ရက်များ တိုးချဲ့ဖွဲ့စည်းရေး၊ ရွှေတောင်မြို့ ဝါးလည်ရွာတွင် ဆောက်လုပ်မည့် ငြိမ်းချမ်းရေးဗိမာန်တည်ဆောက်ရေး အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။