ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြောက်မွေးနေ့ အခမ်းအနား

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြောက်မွေးနေ့ အခမ်းအနားကို ၂၃-၃-၁၇ ရက်နေ့ နံနက်ပိုင်းက ဆရာကြီးမွေးဖွားရာဇာတိ ရွှေတောင်မြို့ရှိ ရွှေမျက်မှန်ကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရွှေမျက်မှန်ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏသီရိက အဖွင့်သြဝါဒ မိန့်ကြားပေးခဲ့ပြီး ဦးမောင်မောင်အုန်း၊ ဦးချစ်ဆောင်ဦး(ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်)၊ ကိုညီညီ(နိုင်ငံရေးအကျဉ်းသားဟောင်း)၊ ဦးလှမြိုင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးလှဌေး(ရွှေတောင် မှိုင်းငြိမ်းကွန်ရက်)၊ ကိုသန့်ဇင်ထက်(လယ်သမားအရေးလှုပ်ရှားသူ)တို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ဗကသများအဖွဲ့ချုပ်၊ မှိုင်းငြိမ်းကွန်ရက်- ပြည်ခရိုင်၊အခြေခံပညာကျောင်းသားများသမဂ္ဂ – ပြည်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)တို့မှ ဂုဏ်ပြုပေးပို့သည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ ထို့နောက် DPNS ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးဝဏ္ဏက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။