ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့အခမ်းအနားကျင်းပ

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၃-၃-၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တို့၏ နာယကများဖြစ်ကြသည့် ဆရာဦးအံ့မောင်(မုံရွာ)နှင့် ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဦးစိုးနိုင်(ဗဟိုကော်မတီဝင် – ကယန်းပြည်သစ်ပါတီ)၊ ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးတင်အေးကြူ( မှိုင်းရာပြည့် – ကျောင်းသားခေါင်းဆောင်)၊ ကိုအောင်ထက်အောင်(ဗဟိုလုပ်ငန်းကော်မတီဝင် – ဗကသများအဖွဲ့ချုပ်)တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို့ကလည်း သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။ အခမ်းအနားသို့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊ မှိုင်းငြိမ်းကွန်ရက် အဖွဲ့ဝင်များ၊ မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဆရာကြီး၏ မိသားစုဝင်များ၊ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးအား ချစ်ခင်ကြည်ညိုလေးစားသူများ ၂၀ဝ ခန့် တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။