ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဆရာကြီးမွေးဖွားရာဇာတိဖြစ်သည့် ပဲခူးတိုင်း ရွှေတောင်မြို့နယ်ရှိ ရွှေမျက်မှန်ကျောင်းတိုက်၌ ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပြည်ထောင်စုတိုင်းရင်းသားများလယ်သမားသမဂ္ဂနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။