ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အခမ်းအနားကို ရွှေတောင်မြို့ရှိ DPNS ရုံး၌ ကျင်းပ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဆရာကြီးမွေးဖွားရာဇာတိဖြစ်သည့် ရွှေတောင်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်၍ ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်၊ မုံရွာမှိုင်းငြိမ်းကွန်ရက်၊ ပခုက္ကူမှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။

[ngg src=”galleries” ids=”560″ display=”basic_thumbnail”]