ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အခမ်းအနားကျင်းပ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ ရွှေဝါရောင်ဦးဆောင်သံဃာတော်၊ နိုင်ငံရေးပါတီ၊ အလုပ်သမား၊ လယ်သမား၊ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင် အစရှိသည့် လူထုလူတန်းစား အလွှာအသီးသီးမှ ခေါင်းဆောင်များက ဂူဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး သဝဏ်လွှာများလည်း ပေးပို့ခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် “ငြိမ်းချမ်းရေးနှင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားသိုင်း ပြုလုပ်ခဲ့ပါသည်။ ဦးစိုင်းညွန့်လွင်(စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်)၊ ဦးကြီးမြင့်(ဥပဒေပညာရှင်)၊ ဦးတင်အေးကြူ(မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင်)တို့က စကားဝိုင်းကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”559″ display=”basic_thumbnail”]