ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်း

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၃၊ ဇူလိုင်၊ ၂၀၁၉။ ရန်ကုန်

ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ ဂူဗိမာန်၌ ယနေ့နံက် ၁၀းဝ၀ နာရီမှ နေ့လည် ၂းဝ၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီး၏ မိသားစုဝင်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ UNA အဖွဲ့ဝင်ပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံ စာရေးများသမဂ္ဂ အစရှိသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဆရာကြီးအား လေးစားချစ်ခင်ကြသူများ အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့် အဖွဲ့အစည်းခေါင်းဆောင်များက အမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ မှိုင်းငြိမ်းကွန်ရက်၏ သဘောထားကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် “တပြည်လုံး စစ်ရပ်စဲရေး၊ အားလုံး တန်းတူရည်တူ ပါဝင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ကျင်းပခဲ့ပါသည်။ စကားဝိုင်းတွင် ဦးခင်မောင်အေး(မှိုင်းငြိမ်းကွန်ရက်)၊ ဦးအောင်သူရ(UNDO)၊ ဦးဦးလှမြင့်(ALD)၊ ဒေါ်နှင်းနှင်းမွှေး(DPNS)တို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများက ငြိမ်းချမ်းရေးရရှိရေးအတွက် အပစ်အခတ်ရပ်စဲရေး၊ စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာရေးနှင့် ဒီမိုကရေစီ အမျိုးသားတန်းတူခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသည့် အခြေခံဥပဒေတရပ်ပေါ်ပေါက်လာရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”638″ display=”basic_thumbnail”]