ဆရာကြီးမှိုင်း ကွယ်လွန်ခြင်း (၅၃)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၃)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ၂၃၊ ၇၊ ၂၀၁၇ ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် နာယကတစ်ဦးဖြစ်သည့် မဂ္ဂင်ဆရာတော်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးအောင်စောဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ဦးကျော်မြင့်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ကိုကောင်းထက်ကျော်၊ မှော်ဘီတောင်သူလယ်သမားသမဂ္ဂမှ ကိုကျော်မျိုးလတ်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး မှိုင်းငြိမ်းကွန်ရက်မှ ဦးထွန်းဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၏ သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားရာတွင် ဆရာကြီးပြောကြားခဲ့သည့် မိန့်ခွန်းများသည် ယနေ့ကာလနှင့် ကိုက်ညီနေဆဲဖြစ်ကြောင်း၊ ဆရာကြီးမိန့်ကြားခဲ့သည့်အတိုင်း ငြိမ်းချမ်းရေးရဖို့အတွက် ညီညွတ်ရေးသည် အရေးကြီးပြီး တပြည်လုံးညီညွတ်ဖို့ လိုအပ်ကြောင်း၊ မဟာမိတ်ဖွဲ့ရာတွင် သတိရှိရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ရာတွင် ကာလဒေသ ပယောဂတို့ကို ချိန်ဆပြီးလုပ်ကြရမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးအား ချစ်ခင်လေးစားသူများ၊ ဆရာကြီး၏ မိသားစုဝင်များ စုစုပေါင်း ၃၀ဝ ခန့် တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”236″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]