လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (Economic Literacy) ရရှိချက်များ ဆွေးနွေးပွဲကို ၂၀၁၇၊ အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ၂၀၁၇ အတွင်း ပါတီက ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဌာနချုပ်ရဲဘော်များက တက်ရောက်လာသည့်ရဲဘော်များအား တင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့်ရဲဘော်များကလည်း မိမိတို့ဒေသအသီးသီးရှိ အခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဌာနချုပ်ရဲဘော်များ၊ မန္တလေး၊ မကွေး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြင်းခြံ၊ တံတားဦးမြို့နယ်စည်းရုံးရေးကော်မတီတို့မှ ရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။