ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

December 2020
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲ တက်ရောက်ဆွေးနွေး

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ဖေဖော်ဝါရီ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ကျင်းပခဲ့သည်။“ ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ပြီး ပထမရက်တွင် UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းညွန်လွင်နှင့် ဒုတိယရက်တွင်  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ဇော်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်ပါတီများ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များက ဖယ်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားအမြင်များကို တင်ပြခြင်း၊ည ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်သုံးခုဖြင့် အုပ်စုလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှုရလဒ်နှင့် စုစည်းရရှိချက်များကို အခြေခံ၍ သဘောထားကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံနှင့် အထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်တို့ တက်ရောက်ခဲ့ကြပြီး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ တင်ပြချက်ကို ဦးသီဟထွဋ်ခင်က တင်ပြခဲ့ပါသည်။