ငြိမ်းချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး ဟောပြောဆွေးနွေးပွဲကျင်းပ

ပါတီလှုပ်ရှားမှုများ

နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် “ငြိမ်းချမ်းရေး၊လူသတ်ဝါဒဆန့်ကျင်ရေး” ခေါင်းစဉ်ဖြင့် နိုင်ငံရေးဟောပြောဆွေးနွေးပွဲကို ၁၃- ၂- ၁၇ ရက် နေ့လည်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်ရှိ သျှရီရာမခရစ်ရှနခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲအဖွင့်အမှာစကားကို ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေက ပြောကြားပေးခဲ့ပါသည်။ ထို့နောက် “ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ဒေါက်တာအမ်ကွန်လ(KNC)၊ ဦးချစ်ဆောင်(မှိုင်း-ငြိမ်းကွန်ရက်)၊ ကိုကောင်းထက်ကျော်(ဗကသများအဖွဲ့ချုပ်)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆက်လက်၍ “လူသတ်ဝါဒဆန့်ကျင်ရေး” ခေါင်းစဉ်ဖြင့် ဦးကြီးမြင့်(ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့)၊ ကိုကျော်ကိုကို(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀ဝ ကျော် တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားအင်အားစု ၆၉ ဖွဲ့၏ သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။