ငြိမ်းချမ်းရေးအတွက်အကြံဉာဏ်ရယူခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

SocDem’ Asia အစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့၏ မူဝါဒရေးဆွဲရေး ပူးတွဲလုပ်ငန်းစဉ်အား အကောင်အထည်ဖော်သည့် အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)ကို ၂၅- ၄- ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ SocDem’ Asia၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်လူငယ်များ၊ တောင်ကြီးဒေသခံလူငယ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ဖွဲ့စည်းပုံပြင်ဆင်ရေး/အသစ်ရေးဆွဲရေး၊ ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်သော မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်အတွက် အကြံဉာဏ်များ၊ အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”203″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]