ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များ အကောင်အထည်ဖော်ရေး အစည်းအဝေး

ပါတီလှုပ်ရှားမှုများ

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များအား ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ပဏာမ ညှိနှိုင်းအစည်းအဝေးကို ၄-၂- ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။