ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) နောက်ဆုံးနေ့

ပါတီလှုပ်ရှားမှုများ

UKSY နှင့် LAIN အဖွဲ့တို့မှ စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) နောက်ဆုံးနေ့ကို လွိုင်ကော်မြို့ ကေ့ထျိုးဘိုးခန်းမ၌ ၂၀၁၈ မေလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲသို့ ဒေသခံနိုင်ငံရေးပါတီများ နိုင်ငံရေးအင်အားစုများ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် တိုးတက်သောဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင်များ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဒေသခံပြည်သူများ သုံးရာကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတက်ရောက်လာသူများက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အကြံပြုချက်များနှင့် လုပ်ဆောင်သင့်သည်များကို အုပ်စုကိုးစုခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရရှိချက်များကို အခြေခံ၍ အမြင်သဘောထားစုစည်းထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”417″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]