ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) ပထမနေ့

ပါတီလှုပ်ရှားမှုများ

UKSY နှင့် LAIN အဖွဲ့တို့မှ စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) ပထမနေ့ကို လွိုင်ကော်မြို့ ကေ့ထျိုးဘိုးခန်းမ၌ ၂၀၁၈ မေလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဦးစိုင်းညွန့်လွင်(အတွင်းရေးမှူး-ရှမ်းတိုင်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)က တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးအပေါ် အမြင်သဘောထားသုံးသပ်ချက် ဦးမင်းဇင်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုသုံးသပ်ချက် ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)က မြန်မာ့ဒီမိုကရေစီဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဒေသခံနိုင်ငံရေးပါတီများ နိုင်ငံရေးအင်အားစုများ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် တိုးတက်သောဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင်များ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဒေသခံပြည်သူများ သုံးရာကျော်ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ လူထုဆန္ဒကိုအခြေခံသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်၊ ညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန် ရည်ရွယ်ချက်များဖြင့် နှီးနှောဖလှယ်ပွဲကို ကျင်းပခြင်းဖြစ်ပါသည်။