ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) ဒုတိယနေ့

ပါတီလှုပ်ရှားမှုများ

UKSY နှင့် LAIN အဖွဲ့တို့မှ စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) ဒုတိယနေ့ကို လွိုင်ကော်မြို့ ကေ့ထျိုးဘိုးခန်းမ၌ ၂၀၁၈ မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့က ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် သဘောထားစာတမ်းများ တင်သွင်းဖတ်ကြားခဲ့ကြပါသည်။ စာတမ်းဖတ်ပွဲသို့ ဒေသခံနိုင်ငံရေးပါတီများ နိုင်ငံရေးအင်အားစုများ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် တိုးတက်သောဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင်များ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဒေသခံပြည်သူများ သုံးရာကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”416″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]