ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်) ကျင်းပပြုလုပ်

ပါတီလှုပ်ရှားမှုများ

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)ကို ၂၀၁၈ ဇူလိုင်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)၌ ကျင်းပခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲအား ၂၀၁၈၊ မေလ ၂၆၊ ၂၇၊ ၂၈ တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)၏ အဆက်အဖြစ် ကျင်းပခြင်းဖြစ်သည်။ နှီးနှောဖလှယ်ပွဲကို လူထုဆန္ဒကိုအခြေခံ၍ ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ညီညွတ်ရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်ဟူသည့် ရည်ရွယ်ချက်သုံးရပ်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ ပထမနေ့တွင် ဖိတ်ကြားထားသည့် လူပုဂ္ဂိုလ်များ၏ သဘောထားအမြင်များနှင့် အဖွဲ့အစည်းအသီးသီးက ပေးပို့လာသည့် စာတမ်းအနှစ်ချုပ်များကို တင်ပြဖတ်ကြားခဲ့ကြပါသည်။ ဘာသာကြီးလေးရပ်ဆရာတော်များ၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင်ပါတီများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ တိုးတက်သောဒီမိုကရက်တစ် အင်အားစုအဖွဲ့ဝင်အဖွဲ့အစည်းများ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်၊ မန္တလေး၊ မုံရွာ၊ လက်ပံတောင်း၊ ပခုက္ကူတို့မှ နိုင်ငံရေးအင်အားစုများ၊ ကရင်နီပြည်(ကယန်း)နိုင်ငံရေးအင်အားစုများ၊ ဗကသများအဖွဲ့ချုပ်၊ လယ်သမားသမဂ္ဂများ၊ ရလလဖ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသူများ နှီးနှောဖလှယ်ပွဲတက်ရောက်ခဲ့ကြပါသည်။ နှီးနှောဖလှယ်ပွဲဒုတိယနေ့တွင် ဖိတ်ကြားထားသည့် လူပုဂ္ဂိုလ်များ၏ သဘောထားအမြင်များနှင့် အဖွဲ့အစည်းအသီးသီးက ပေးပို့လာသည့် စာတမ်းအနှစ်ချုပ်များကို ဆက်လက်တင်ပြဖတ်ကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်တို့၏ အမြင်သဘောထားစာတမ်းများကိုလည်း တင်ပြခဲ့ကြပါသည်။ ၂ရက်တာ တင်ပြဆွေးနွေးရရှိချက်များအပေါ် အခြေခံ၍ အမြင်သဘောထားစုစည်းချက်တရပ်ကို ထုတ်ပြန်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲတရပ်လည်း ပြုလုပ်ခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”455″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]