ငြိမ်းချမ်းရေးစာဆို ဆရာကြီး ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ငြိမ်းချမ်းရေးစာဆို ဆရာကြီး ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ငြိမ်းချမ်းရေးဗိမာန်၌ ၂၀၁၉၊ မေလ ၁၀ ရက်နေနှင့် ၁၁ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ပထမ ရက်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်(အထက်ဗမာပြည်)၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။ ငြိမ်းချမ်းရေးသီချင်း သီဆိုဖွင့်လှစ်ခြင်း၊ ဂုဏ်ပြုအမှတ်တရစကား ပြောကြားခြင်း၊ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ အမှတ်တရ ကဗျာရွတ်ဆိုခြင်း၊ ရသအစုံအဆန် ရေးသူဖတ်သူစုံဆန်ပွဲ အစီအစဉ်များဖြင့် လည်းကောင်း၊ ဒုတိယနေ့တွင် အမှတ်တရ ကဗျာများရွတ်ဆိုပြီး စာတမ်းများ ဖတ်ကြားခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ ကဗျာဆရာများသမဂ္ဂ အစရှိသည့် နိုင်ငံရေးနှင့် စာပေအနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ မိသားစုဝင်များ၊ ဆရာကြီးကို ချစ်ခင်လေးစားသည့် အနယ်နယ်အရပ်ရပ်မှပုဂ္ဂိုလ်များ အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။ ဆရာကြီး ဒဂုန်တာရာသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် ဘဝတသက်တာလုံး စိုက်လိုက်မတ်တတ် ဆောင်ရွက်ခဲ့သည့် ပြည်သူ့စာဆိုပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။

[ngg src=”galleries” ids=”577″ display=”basic_thumbnail”]