ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီဖွဲ့စည်း

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


၂၀၁၉၊ ဇူလိုင်၊ ၂၈။ ရန်ကုန်မြို့ ။

အောင်သပြေကျေးရွာကိစ္စအပါအဝင် ကျေးလက်ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လူထုလှုပ်ရှားမှုများအား ကူညီဝန်းရံနိုင်ရေးအတွက် ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၂၈ ရက် နေ့လည်ပိုင်းတွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး ဆုံးဖြတ်ချက်အရ အောင်သပြေကျေးရွာသားများအပါအဝင် ဆုံးရှုံးနစ်နာနေသော၊ အကာအကွယ် အကူအညီမဲ့နေသော ကျေးလက်လူထုကို ထိထိရောက်ရောက် ကူညီဝန်းရံနိုင်ရေးအတွက် “ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပါသည်။

[ngg src=”galleries” ids=”649″ display=”basic_thumbnail”]