ကျေးလက်ဒေသများရှိ မြေယာပြဿနာများအား ကူညီပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

အောင်သပြေကျေးရွာကိစ္စအပါအဝင် ကျေးလက်ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မြေယာပြဿနာများအား ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၂၀ ရက် နေ့လည်ပိုင်းတွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄-၇၅ နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ညီညွတ်သောအမျိုးသားဒိီုကရေစီအဖွဲ့၊ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”637″ display=”basic_thumbnail”]