ကျောင်းသားသမဂ္ဂအဆောက်အဦးနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

ပါတီလှုပ်ရှားမှုများ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် “ကျောင်းသားသမဂ္ဂအဆောက်အဦးနှင့် ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်သော ဆွေးနွေးပွဲ” တရပ်ကို ၂၆- ၂- ၁၇ ရက်နေ့ နံနက် ၉းဝ၀ နာရီမှ ညနေ ၅းဝ၀ နာရီအထိ ဗိုလ်တထောင်မြို့နယ်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ၁၉၅၃ ခုနှစ်မှစ၍ ယနေ့ကာလအထိ ကျောင်းသားမျိုးဆက်အသီးသီး၏ သဘောထားများကို ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက်များကို စုစည်းရရှိခဲ့ကြပါသည်။