ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)

ပါတီလှုပ်ရှားမှုများ

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)ကို ၂၀၁၇၊ သြဂုတ်လ၊ ၃၀ ရက်နေ့က တက္ကသိုလ်များဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်ဆိုင်ရာ သဘောထားများစုစည်းခြင်း၊ တကသအဆောက်အဦး၏ သမိုင်းတန်ဖိုးဆိုင်ရာ သဘောထားများစုစည်းခြင်း၊ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော အခြေခံသဘောထားများ စုစည်းခြင်းဟူသည့် ဦးတည်ချက်သုံးခုဖြင့် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ၁၉၅၃ မှ ၂၀၁၇ အထိ ကျောင်းသားမျိုးဆက်များ တက်ရောက်ပြီး သဘောထားအမြင်များ တင်ပြခဲ့ကြပါသည်။ တက်ရောက်လာကြသော ကျောင်းသားမျိုးဆက်အများစုက ကျောင်းသားသမဂ္ဂ တရားဝင်ရပ်တည်ခွင့်ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ထို့နောက်မှသာ သမိုင်းတန်ဖိုးများကို မပျောက်ပျက်စေဘဲ သမဂ္ဂအဆောက်အဦးတည်ဆောက်ရေးကို လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် သတင်းထုတ်ပြန်ချက်တစောင်လည်း ထုတ်ပြန်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးကလည်း ၈၈ မျိုးဆက်ကျောင်းသူတစ်ယောက်အဖြစ် သဘောထားတင်ပြချက်တစ်စောင် ပေးပို့တင်ပြခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”257″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]