ကျောက်တော်ဒေသခံလူထုနှင့် တွေ့ဆုံပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဇွန်၊ ၁၉၊ ၂၀၁၉။ ကျောက်တော်မြို့။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည့် ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်း၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်နှင့် ကန်စောက် စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြပါသည်။ ထိုစခန်းများရှိ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံ၍ စခန်းအခြေအနေများကို လေ့လာခဲ့ပြီး အလှူငွေများလည်း ပေးအပ်ခဲ့ကြပါသည်။
ထို့နောက် ALD ၏ စီစဉ်ပေးမှုဖြင့် နေ့လည် ၁းဝ၀ နာရီတွင် ကျောက်တော်ဒေသခံလူထုနှင့် တွေ့ဆုံပွဲကို ကျောက်တော်မြို့၌ ပြုလုပ်ခဲ့ပါသည်။ လေ့လာရေးအဖွဲ့တာဝန်ရှိသူများက ခရီးစဉ်ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ကျောက်တော်လူထုတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး လူမှုရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူများ ၂၀ဝ ခန့် တက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”624″ display=”basic_thumbnail”]