ကျား-မရေးရာကိုတာစနစ် စာအုပ်မိတ်ဆက်ပွဲနှင့်ဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

ဘားအံမြို့၊ ဇွဲကပင်ဟိ်ုတယ်၊ ဗန်ဒဝါဂီရိခန်းမတွင် ၂၂- ၇- ၂၀၁၆ သောကြာနေ့ နံနက် ၉းဝဝ နာရီမှ နေ့လည် ၁းဝ၀ နာရီအထိ ကျား-မရေးရာကိုတာစနစ်(Gender Quota System) စာအုပ်မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်၍ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပွဲစီစဉ်သည့် WCDI မှ တာဝန်ရှိသူက WCDI အကြောင်း မိတ်ဆက်နှင့် ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျား-မရေးရာကိုတာစနစ်နှင့် ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ် စည်းရုံးရေးကော်မတီဝင်များနှင့် လူငယ်အမျိုးသမီးများ တက်ရောက်ခဲ့ကြပါသည်။