ကိုကိုးကျွန်းပြန် ဦးတင်အောင်(ခ) စာရေးဆရာ ခမ်းဝင်း၏ ဈာပနအခမ်းအနား တက်ရောက်

ပါတီလှုပ်ရှားမှုများ

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကိုကိုးကျွန်းပြန် ဦးတင်အောင်(ခ)အန်ကယ်ကြီး(စာရေးဆရာ ခမ်းဝင်း) (၁၉၄၂-၂၀၁၉)၏ ဈာပနအခမ်းအနားကို ၁၀၊ ၅၊ ၂၀၁၉ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့က ပန်းခြင်း၊ပန်းခွေများ ပေးပို့ပြီး လိုက်ပါပို့ဆောင် ဂါရဝပြုခဲ့ကြပါသည်။ ဦးတင်အောင်သည် ၁၉၆၅ ခုနှစ်တွင် တကြိမ်၊ ၁၉၈၉ ခုနှစ်တွင် တကြိမ် စစ်အာဏာရှင်တို့၏ နှစ်ကြိမ်တိုင်တိုင် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရပါသည်။ ၂၀၁၉၊ မေလ၊ ၈ ရက်နေ့တွင် ပြည့်မြောက်သည့် ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်မြောက်အခမ်းအနားနှင့် မျိုးဆက်အသီးသီးတွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးရန် အလာလမ်းခရီး၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါသည်။

[ngg src=”galleries” ids=”578″ display=”basic_thumbnail”]