ကိုကိုးကျွန်းပြန်ရဲဘော်(ဦး)ဖေအောင်(၈၄ နှစ်)၏ ဈာပနအခမ်းအနား

ပါတီလှုပ်ရှားမှုများ

ကိုကိုးကျွန်းပြန်ရဲဘော်(ဦး)ဖေအောင်(၈၄ နှစ်)၏ ဈာပနအခမ်းအနား

[ngg_images source=”galleries” container_ids=”404″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]ကို ၂၀၁၈၊ မေလ၊ ၇ ရက်နေ့ ညနေ ၄းဝ၀ နာရီတွင် ရန်ကုန်မြို့၊ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျွန်းပြန်ရဲဘော်ကြီးများက ပန်းခြင်းချအလေးပြုခဲ့ကြပြီး ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့တိုးတက်ရေးပါတီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ရဲဘော်ရဲဘက်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များ၊ မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေသင်္ဂဟများ ဈာပနလိုက်ပါပို့ဆောင်ခဲ့ကြပါသည်။
ရဲဘော်(ဦး)ဖေအောင်သည် စစ်ပြီးခေတ် ကျောင်းသားလှုပ်ရှားမှုများတွင် စတင်ပါဝင်ခဲ့ကာ ဗကသများအဖွဲ့ချုပ်၏ ကေဒါတစ်ဦးဖြစ်ပြီး ၁၉၅၃၊ အောက်တိုဘာ ကျောင်းသားများအရေးတော်ပုံတွင် ရှေ့တန်းက ပါဝင်ခဲ့သူဖြစ်သည်။ အမှုထမ်းပေါင်းစုံသမဂ္ဂ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ၁၉၅၉ နှင့် ၁၉၆၉ ခုနှစ်များတွင် ကိုကိုးကျွန်းသို့ နှစ်ကြိမ်တိုင်အောင် ဖမ်းဆီးပို့ဆောင်ခြင်းခံခဲ့ရသည်။ ရဲဘော်(ဦး)ဖေအောင်သည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲများတွင် တောက်လျှောက်ပါဝင်ခဲ့သူ ဖြစ်ပါသည်။ ရဲဘော်(ဦး)ဖေအောင် ကွယ်လွန်ခြင်းအတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အထူးပင် ဝမ်းနည်းမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။