ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရေးဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

 

ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀-၄-၁၇ ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ဘားအံမြို့ သံလွင်ပါရာဒိုက်စ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် NNER (ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ဖြစ်ပေါ်လာပုံ၊ NNER ၏ ပညာရေးမူဝါဒ၊ ဖွဲ့စည်းပုံ၊ လက်ရှိဆောင်ရွက်ချက်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၂၁ ပင်လုံ)တွင် ပါဝင်နေမှုတို့ကို NNER အဖွဲ့ဝင်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ကရင်ဒေသခံ ပညာရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ ဘားအံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တက္ကသိုလ်ဆရာ ဆရာမများသမဂ္ဂ၊ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ အလွတ်ပညာသင်ကျောင်းဆရာများ၊ပညာရေးပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ စုစုပေါင်း ၈၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”190″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]