၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး

အင်တာဗျူး

 

ခေတ်ရနံ့မဂ္ဂဇင်း၊ အမှတ် (၂၉)၊ ၂၀၁၆၊ စက်တင်ဘာလထုတ်မှ ငြိမ်းချမ်းရေးနှင့်၂၁ ရာစု ပင်လုံညီလာခံကဏ္ဍတွင်ဖော်ပြခဲ့သော ဦးအောင်မိုးဇော်နှင့်တွေ့ဆုံမေးမြန်းခြင်းကို တင်ပြပေးလိုက်ပါတယ်။

ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။

ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြော စရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လို့ နားလည်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာ အလုပ်တွေ အများ ကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြား က ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘော တူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင် ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ် တယ်။ နောက် တစ်ချက်က အရင်စီစဉ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူ ပုဂ်္ဂိုလ် တွေနဲ့ ပြင် ဆင်ရတာမဟုတ်ဘဲ လူသစ်တွေ၊ အဖွဲ့သစ်တွေ နဲ့ ပြင်ရဆင်ရ တာ ဖြစ်တယ်လို့ နားလည်ပါတယ်။

၂၁ရာစု ပင်လုံညီလာခံကြီးကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အခါ အရွေး အချယ်မခံရတဲ့ နိုင်ငံရေးပါတီတွေအပေါ်ထားတဲ့ သဘောထား၊ ဖိတ်ကြား ချက်နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက် ပေါ်နေပါတယ်။ အဲဒီကိစ်္စနဲ့ပတ် သက်ပြီး သဘောထားမှတ်ချက်ပးပါဦး။

နိုင်ငံတော်က နိုင်ငံရေးပါတီဆိုတဲ့အပေါ် ဘယ်လိုသဘော ထားလဲ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပါတီစနစ်နဲ့ နိုင်ငံရေးပါတီတွေ ကို တကယ့် ဒီမိုကရေစီအခြေအနေမှာ ဘယ်လိုဘယ်ပုံမြင်ချင် သလဲ၊ ပုံဖော်ချင်သလဲဆိုတဲ့ အမြင် (Vision) နဲ့ဆက်စပ်ပြီး ကျွန်တော်စဉ်းစားပါတယ်။ ကျွန်တော်တို့တိုင်းပြည် ဒီမိုကရေစီမရသေးပါဘူး။ ငြိမ်းချမ်းရေးမရသေးပါဘူး။ ၂၁ ရာစု ပင်လုံညီလာခံ ကိုယ်တိုင်က ကျွန်တော် တို့တိုင်းပြည်ကို ရေရှည်မှာ ဘယ်လိုဘယ်ပုံ ဘယ်နည်း တည် ဆောက်မယ် ဆိုတာတွေ ကို ဆွေးနွေးကြဖို့ သဘောတူညီမှုတွေရရှိဖို့ ကျွန်တော်တို့ ဆောင် ရွက်ကြတာဖြစ်တယ်။ တစ်နည်းအားဖြင့် တိုင်းပြည်ရဲ့ အရေးပါ တဲ့ နိုင်ငံရေးဖြစ်စဉ်ဖြစ်တယ်။ ပါတီ ၇၀ ကျော်က ကိုယ်စားလှယ် ၅ ဦးပဲရွေး၊ အဲဒီ ၅ ဦးကလည်း ပါဝင်သင့် ပါဝင်ထိုက်သူများအစုအဖွဲ့ကပဲ ညီလာခံတက် ဆိုတဲ့ လက်ရှိအစိုးရ ရဲ့သဘောထားဟာ အဲဒီပါတီ ၇၀ ကျော်ကို နိုင်ငံရေး ပါတီမဟုတ် ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ဒီပါတီ ၇၀ ကျော်ကို တိုင်း ပြည်ရဲ့အရေးကြီးတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ မပါနဲ့လို့ ပြောလိုက်တာ လည်း ဖြစ်တယ်။ လက်ရှိအစိုးရရဲ့ သဘောထားနဲ့ပတ်သက်လို့ နားလည်နိုင် အောင် ကျွန်တော် ကြိုးစားပါတယ်။ နားလည်ဖို့ ကြိုးစားကြည့်ပါ တယ်။ အစိုးရမှာ ဒီပါတီတွေ ဟာ နိုင်ငံရေးပါတီဆိုတဲ့ လက်္ခဏာတွေမရှိဘူးလို့ ယူဆကောင်း ယူဆနိုင်ပါ တယ်။ အဲဒါဆိုရင် လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကတစ်ဆင့် နိုင်ငံရေးပါတီတွေကို နိုင်ငံရေးပါတီနဲ့တူလာအောင် ဆောင်ရွက်လို့ရတယ်။ နိုင်ငံရေးပါတီအဖြစ် သတ်မှတ်လို့မရတဲ့ အစုအဖွဲ့တွေ ကိုလည်း လိုအပ်တဲ့စံသတ်မှတ်ချက်တွေပြုလုပ်ပြီး ဖျက်ချင်ရင်ဖျက်လို့ရတယ်။ အဲဒီလို မဟုတ်ဘဲ အခုလို နိုင်ငံ ရေးဖြစ်စဉ်ထဲမှာ နိုင်ငံရေးပါတီတွေ မပါရဘူး လို့ ပြောလိုက်တာကတော့ ဆိုးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် အစကနဦးပြောခဲ့သလိုပဲ ကျွန်တော်တို့ တိုင်းပြည် ဒီမိုကရေစီ မရသေးပါဘူး။ တိုင်းပြည်ကို ပြန်တည်ဆောက်ရဦးမယ်ဆိုတာ လက်ရှိအစိုးရ ကျွန်တော်တို့ထက် ပိုနားလည်မယ်ထင်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့လိုတယ်။ ငြိမ်းချမ်းရေးဆိုတာ သေနတ်ကိုင်နေတဲ့ သူတွေနဲ့ တင် ပတ်သက်တာ မဟုတ်ဘူး။ နိုင်ငံသူနိုင်ငံသားတစ်ဦးချင်းစီအထိ သက်ရောက်တယ်၊ ပတ်သက်တယ်။ တစ်ဦးချင်းစီမှာ ပြောခွင့် ဆိုခွင့်ရှိတယ်။ ရွေးကောက်ပွဲနိုင်တာနဲ့ အားလုံးရဲ့ကိုယ်စား အကုန်လုပ်လို့ရ တယ်ဆိုတဲ့ အယူအဆမှာ ခြွင်းချက်တွေ ရှိတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ အရင့်အမာ နိုင်ငံတွေမှာတောင်မှ တစ်တိုင်းပြည်လုံးရဲ့ အရေးကိစ်္စတွေနဲ့ ပတ်သက်ရင် ဆန္ဒခံယူပွဲတွေလုပ်ပြီး ဆုံးဖြတ်ကြရတာဖြစ်တယ်။ ကျွန်တော် တို့တိုင်းပြည်အခြေအနေက ထူး ခြားတဲ့ အခြေအနေဖြစ်တယ်။ ဒီမိုကရေစီ လည်း ဘယ်လိုတည်ဆောက်ကြမလဲဆိုတာ သေသေချာချာညှိနှိုင်း သဘော တူထားတဲ့ အခြေအနေမဟုတ်သေးဘူး။ ထို့အတူ ငြိမ်းချမ်းရေးလည်း ဒီအတိုင်းပဲ။ တိုင်းပြည်ကို ပြန်ထူထောင်ဖို့ ကြိုးစားတဲ့နေရာမှာ အားလုံး ပါနိုင်အောင် ဒီနေ့အစိုးရက ဒီနေ့နိုင်ငံတော်က လမ်းဖွင့်ပေးနိုင်ဖို့ အထူးလို အပ်လိမ့်မယ်။

၂၁ ရာစုပင်လုံညီလာခံကြီးမှ ဘယ်လိုရလဒ်တွေထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားပါသလဲ။

ငြိမ်းချမ်းရေးကြိုးပမ်းမှုက ဖြစ်စဉ်တခုဖြစ်ပါလိမ့်မယ်။ ဒါမျိုး ညီလာခံတွေ အများကြီးဆက်လုပ်ရဦးမယ်။ ဒီညီလာခံတစ်ခုတည်းနဲ့တော့ ရလဒ်ပေါ်ထွက်နိုင်ဦးမှာမဟုတ်ဘူး။ တက်ရောက်လာကြတဲ့ အဖွဲ့အစည်း အသီးသီး၊ Stakeholders အသီးသီးရဲ့ အမြင်တွေကို သိနိုင်အောင် ကြိုးစားတဲ့အဆင့်ပဲရှိသေးတယ်။ နောက်တစ်ချက်က ဒီညီလာခံမှာ Inclusive ဘယ်လောက်ဖြစ်သလဲ၊ မဖြစ်သလဲ အခြေအနေပေါ်မူတည်ပြီး လက်ရှိ အစိုးရရဲ့ ပုံရိပ်ကောင်းခြင်း၊ ဆိုးခြင်းတွေကို ဖြစ်ပေါ်စေလိမ့်မယ်။ ကျွန်တော်နားလည်မှုအရ အိမ်နီးချင်းနိုင်ငံကြီးတွေအပါအဝင် တစ်ကမ္ဘာလုံးက လက်ရှိအစိုးရရဲ့ ဒီကြိုးပမ်းမှုကို ထောက်ခံတယ်။ အဲဒီလိုပဲ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကလည်း ဒီအစိုးရရဲ့ ငြိမ်းချမ်းရေး ညီလာခံကို ပါဝင်တက်ရောက်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒတွေရှိကြတယ်။ လက်တွေ့အားလုံး ပါနိုင်ရေး၊ မပါနိုင်ရေးကတော့ အစိုးရပေါ်မှာ ပိုပြီးမူတည်တယ်။ လက်တွေ့ ဘယ်လိုပါဝင်ကြမလဲ ဆွေးနွေးတဲ့အပေါ်မှာ အများကြီးမူတည်တယ်။ နိုင်ငံရေးပါတီတွေ၊ တိုင်းပြည်အတွင်းမှာ လူထုက ကြည်ညိုလေးစားသူတွေနဲ့ လူထုလူတန်းစားအဖွဲ့ အစည်းအသီးသီးရဲ့ ပါဝင်နိုင်မှုအခြေအနေကလည်း ဒီညီလာခံရဲ့ Legitimacy ကို သက်ရောက်မှာဖြစ်တယ်။