ဥက္ကဌ၏ အဖွင့်အမှာစကား

အမြင်သဘောထား

Ko-Aung-Moe-Zoeလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဝက်ဆိုဒ်စာမျက်နှာမှ ကြိုဆိုပါရစေ ။

ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS ) က

* လွတ်လပ်မှု ကိုမြတ်နိုးတယ်၊
* တန်းတူမှုကို အလေးထားတယ်၊
* ပြည်သူတွေရဲ့သွေးစည်းညီညွတ်မှုနဲ့သာ

ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းအသစ်တွေကို စဉ်ဆက်မပြတ် တည်ထောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဒီနိုင်ငံရေး ယုံကြည်မှုနဲ့ တန်ဘိုးတွေကိုကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အခုလဲ ကြိုးစားရုန်းကန်နေဆဲပါ၊ ရှေ့ဆက်ပြီးလည်း ဘယ်လို အခက်အခဲနဲ့ ဘယ်လို စိန်ခေါ်မှုတွေပဲတွေ့တွေ့ ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန် ချပြီးဖြစ်တယ်။ ကျွန်တော်တို့ ဝက်ဆိုဒ်စာမျက်နှာက ကျွန်တော်တို့ရဲ့ ဒီရုန်းကန်လှုပ်ရှားမူတွေ အတတ်နိုင်ဆုံးပေါ်လွင်အောင် ဖော်ပြနိုင်ဖို့ ကြိုးစားထားပါတယ်။

ဝင်ရောက်လေ့လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

ဝေဖန်အကြံပြုမှုတွေကိုလည်း လေးစားစွာ ကြိုဆိုပါတယ်။
ကျွန်တော်တို့ လက်တွဲပြီး ငြိမ်းချမ်းတဲ့ ၊ တရားမျှတတဲ့ ၊တန်းတူတဲ့ လူ့ဘောင်သစ်တစ်ရပ်ဆီကို ချီတက်ကြပါစို့လို့ တလေးတစား တိုက်တွန်းလိုက်ပါရစေ။

သွေးစည်းညီညွတ်မှုဖြင့်

ဦးအောင်မိုးဇော်
ဥက္ကဋ္ဌ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)