ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁) နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်။ ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။
ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ
| ဦးငွေလင်း | ဥက္ကဋ္ဌ |
| ဦးဇော်ဇော်ထွန်း | အတွင်းရေးမှူး |
| ဦးတိုးတိုးထွန်း | ကော်မတီဝင် |
| ဦးမင်းနိုင် | ကော်မတီဝင် |
| ဒေါ်နှင်းနှင်းမွှေး | ကော်မတီဝင် |
| ဒေါ်တင်တင်ချို | ကော်မတီဝင် |
| ဦးညီညီအောင် | ကော်မတီဝင် |
| ဦးဝဏ္ဏ | ကော်မတီဝင် |
| ဦးသန့်စင် | ကော်မတီဝင် |
| ဦးသူအောင် | ကော်မတီဝင် |
| ဒေါ်သက်ဇွန်လင်းထင် | ကော်မတီဝင် |
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
