DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီးစဉ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ရွေးကောက်ပွဲ

မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ၊ ၂၂ ရက်နေ့တွင် ကျေးလက်လူထုစည်းရုံးရေးခရီးစဉ်အဖြစ် ဖက်​ရင်း၊ ရသာ၊ ကန်​ပေါက်​ရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ၎င်းရွာများတွင် ရပ်ကျေးဆိုင်​းဘုတ်​များ တင်​ခဲ့ပြီး ကျေးရွာလူထုအားလည်း ဟောပြောပွဲပြုလုပ်၍ ပါတီ၏မူဝါဒ၊ လမ်းစဉ်များကို ပြည်သူလူထုအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ခရီးစဉ်အတွင်း အတူလိုက်ပါသွားသည့် ပါတီကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များကလည်း ကျေးရွာလူထုအား လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။

[ngg src=”galleries” ids=”492″ display=”basic_thumbnail”]