(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခြင်း
၁။ ယနေ့ (၁၀၊၄၊၂၀၁၄) နေ့တွင် ကျရောက်သော (၁၄)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဝမ်းမြောက်ဂုဏ်ယူစွာ သဝဏ်လွှာ ပေးပို့အပ်ပါသည်။
၂။ အသီးသီးသောကယန်းမျိုးနွယ်စုများ တညီတညွတ်တည်း ဘုံလက်ခံသုံးစွဲမည့် ဘာသာစကားအား တပေါင်းတရုံးတည်း အတည်ပြုနိုင်ခဲ့ကြသည့်အတွက် ဤဧပြီ (၁၀) ရက်ကို“ ကယန်းအမျိုးသားနေ့ ” ဟု သတ်မှတ်၊ကျင်းပ နိုင်ခဲ့ပေသည်။
၃။ ကယန်းအမျိုးသားပြည်သူတို့၏ နယ်ချဲ့စိုးမိုးမှုဆန့်ကျင်ရေးသမိုင်း၊ အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူရေးသမိုင်း၊ ငြိမ်းချမ်းရေး နှင့် ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးသမိုင်း၊ ဒီမိုကရေစီထွန်းကားရေး နှင့် အာဏာရှင်စံနစ်ဖျက်သိမ်းရေးသမိုင်း တွင် ဂုဏ်ယူထိုက်သော အမျိုးသားမှတ်တိုင်တခု ထပ်မံ၊စိုက်ထူနိုင်ခဲ့ကြခြင်းလည်းဖြစ်သည်။
၎။ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ကယန်းအမျိုးသားပြည်သူများ၊ ဘဝတူ ပြည်ထောင်စု ညီနောင်မျိုးနွယ်စုများအားလုံးနှင့်အတူ အများပြည်သူ မလိုလားသော ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်နိုင်ရေး၊ တမျိုးသားလုံးကို ကိုယ်စားပြုသော နိုင်ငံရေးမျက်နှာစုံညီ ဆွေးနွေးပွဲကြီးတရပ် ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီ အပြည့်အဝထွန်းကားပြီး တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်စုစစ်စစ် ထူထောင်အောင်မြင်စေရေး၊ စစ်မှန်၍ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး စသည့်တာဝန်များကို မိတ်ရင်း၊ဆွေမွန် ပူးပေါင်းဆောင်ရွက်မှုများဖြင့် လက်တွဲ ဆောင်ရွက်သွားနိုင်ကြမည်ဟု အားထား၊ယုံကြည်စွာဖြင့် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
၁၀ ရက်၊ဧပြီ လ၊ ၂၀၁၄ ခု။
ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
Continue Reading
