Myanmar Veneer အလုပ်သမားသပိတ် အင်အားသုံး ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/၂၀၁၆)


၁။ မိမိတို့ အလုပ်သမားများ ရာကျော်အောင် အလုပ်ထုတ်ခံရသည့် မတရားမှုအား ပြည်ထောင်စုအစိုးရက စာနာ ဖြေရှင်းပေးနိုင်ရန် နေပြည်တော်သို့ ခရီးရှည် လမ်းလျှောက်လာခဲ့ကြသည့် Myanmar Veneer သစ်အချောထည်စက်ရုံ သပိတ်မှောက် အလုပ်သမားများအား (၁၈၊ ၅၊ ၂၀၁၆)နေ့၌ တပ်ကုန်းမြို့အဝင်တွင် အင်အားသုံး ဖြိုခွင်း၊ ဖမ်းဆီး လိုက်ကြောင်း ကြားသိရပါသည်။

၂။ မိမိတို့တိုင်းပြည်အတွင်း လူထုတို့၏ ကိုယ်ပိုင်အခွင့်အရေးများအတွက် တောင်းဆို ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း စသည့် ဥပဒေတွင်း ငြိမ်းချမ်းစွာ လှုပ်ရှား ရုန်းကန်မှုများကို မှန်ကန်စွာ လက်ခံ၊ ကြားနာပေးရမည်သာ ဖြစ်သည်။
အဆက်ဆက်သောအစိုးရတို့က ဤသို့ လူထုလှုပ်ရှားမှုတိုင်းကို လွဲမှားစွာ ပုံဖော်လျက် အကြောင်းပြချက်မျိုးစုံ ရှာဖွေ ဖန်တီး၍ အင်အားသုံး ဖြိုခွင်း၊ ရပ်ဆိုင်းပစ်ရေးကိုသာ အစဉ်တစိုက် အားထုတ်ခဲ့ကြသဖြင့် မူလ အရင်းခံ ပြဿနာအရပ်ရပ်အား မည်သည့်အခါမှ ကိုင်တွယ်၊ ဖြေရှင်းနိုင်ခြင်း မရှိတော့ဘဲ အုပ်ချုပ်သူအာဏာပိုင်များနှင့် လူထု အကြား ယုံကြည်မှု ပျက်ပြားရခြင်းသာ ထာဝရ အဖတ်တင်ကျန်ရစ်ကြောင်း မိမိတို့ပါတီက သုံးသပ်ပါသည်။

၃။ လက်ရှိ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားများအရေးတွင် အစဉ်အလာဆိုးဖြစ်သည့် သပိတ်ဖြိုခွင်းရေးသက်သက်ထက် ကျော်လွန်၍ ပြဿနာ၏ အရင်းခံအကြောင်းကို ဂန သေချာစွာ ရှာဖွေစစ်ဆေးလျက် စံနမူနာကောင်း ဖြစ်သည့် ကိုင်တွယ် ဖြေရှင်းမှုမျိုးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အမျိုးသားရင်ကြားစေ့ ရေး အစိုးရသစ်က ဆောင်ရွက်နိုင်လိမ္မည်ဟု မိမိတို့ပါတီက ယုံကြည် မျှော်လင့်မိပါသည်။
နိုင်ငံတော် သမ္မတကြီး၏ မေဒေးနေ့ မိန့်ခွန်းအရလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်း အဖြေရှာခြင်းဖြင့် ရလဒ်ကောင်းများ ရရှိလာရန် အစိုးရသစ်ကသဘောထား ရှိပါကြောင်း အတိအလင်း ဖော်ပြထားပြီးလည်း ဖြစ်၍ အစဉ်အလာသစ် အစဉ်အလာကောင်းတရပ်အား မိမိတို့ များစွာ အားထား မျှော်လင့်မိပါသည်။

၎။ ယခှု (၁၈၊ ၅၊ ၂၀၁၆) နေ့တွင် အလုပ်သမားများအား သပိတ်ဖြိုခွင်းရေးသက်သက် အင်အားသုံး ဖမ်းဆီးလိုက် သော လုပ်ရပ်မှာ အစဉ်အလာကောင်းတရပ်၏ အလားအလာမှ သွေဖည်လျက် ရလဒ်ကောင်းများကို လွဲချော်သွားစေသည့် ဆောင်ရွက်မှုအဖြစ် မိမိတို့ ရှုမြင် သုံးသပ်မိပါသည်။

၅။ ထိုကြောင့် သပိတ်မှောက် အလုပ်သမားများနှင့် ဝန်းရံ အားပေးသူများကို ချုပ်နှောင် ထိန်းသိမ်းထားခြင်းမှ ချက်ချင်းလွှတ်ပေးလျက် ၎င်းတို့ တောင်းဆိုထားသည့်အတိုင်း ၃ ပွင့်ဆိုင် ဆွေးနွေးအဖြေရှာမှုကို အမြန်ဆုံး ဆောင်ရွက် ပေးကြပါရန် တာဝန်ရှိသူ အာဏာပိုင်အဆင့်ဆင့်အား မိမိတို့ပါတီက အလေးအနက် တိုက်တွန်း တောင်းဆိုအပ် ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မေလ (၁၉) ရက်။

Continue Reading

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော
ဂုဏ်ပြု သဝဏ်လွှာ

၁။ အလုပ်သမားထု၏ တိုက်ပွဲသမိုင်း၌ အထင်ကရ အရေးပါလှသော (၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမား တိုက်ပွဲနေ့ မေဒေး အခမ်းအနားတွင် မိမိတို့အတွက် ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ရရှိရန် သမိုင်း စဉ်တလျှောက် အသက်ချင်းဆက်လျက် တိုက်ပွဲဝင်ခဲ့ကြသည့် အလုပ်သမားသူရဲကောင်းအပေါင်းအား မိမိတို့ ပါတီက အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။

၂။ တပတ်လျှင် နာရီ(၄၀)အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူ သော မေဒေးရလဒ်ကိုမျှ ပြည့်ဝစွာ မခံစားကြရသေးသော မိမိတို့ မြန်မာ့အလုပ်သမားလူထုမှာ ထိုက်တန်စွာ ရအပ်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီး အညှဉ်းဆဲခံ သွေးမြေအကျခံလျက် မကြာသေးမီ ကာလများတိုင်အောင် တိုက်ပွဲဝင်ကြရဆဲ ဖြစ်ပေသည်။

၃။ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး စသည့် အရေးကြီးသော နိုင်ငံရေးစာမျက်နှာသစ်များကို အမှန် တကယ် ဖွင့်လှစ်ကြမည်ဆိုလျှင် နိုင်ငံတည်ဆောက်ရေး၌ အခရာကျလှသော အလုပ်သမားလူထုအတွက် တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများအပေါ် အာမခံသည့် နိုင်ငံတော်စံနစ်တရပ် ရှိရမည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်သည်။

၎။ မိမိတို့ မျှော်မှန်းယုံကြည်သည့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသော နိုင်ငံသစ်တရပ်၊ လူ့အဖွဲ့အစည်း သစ်တရပ် ထူထောင်နိုင်သည်အထိ အလုပ်သမားလူထုနှင့် အခိုင်အမာ သွေးစည်းလျက် လက်တွဲကြိုးပမ်းသွားကြ မည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြုသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မေလ (၁) ရက်။

Continue Reading

Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်နှင့် ပတ်သက်သော သဘောထားထုတ်ပြန်ချက် (၃/၂၀၁၆)

၁။ အလုပ်သမား တစ်ရာကျော် တဘက်သတ် အလုပ်ထုတ်ခံရသည့်အတွက် ကန့်ကွက် ဆန္ဓပြ တောင်းဆိုကြသည့် စစ်ကိုင်း၊ ပတ္တမြားစက်မှုဇုန် Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမား များသည် စစ်ကိုင်းမှ နေပြည်တော်သို့ ခြေလျှင်ခရီး သပိတ်မှောက် ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။
၂။ အလုပ်သမားများ၏တောင်းဆိုချက် (၆)ချက်မှာ အခြေခံကျသော ရပိုင်ခွင့်များသာဖြစ်လျက် တရားမျှတသော တောင်းဆိုချက်များအဖြစ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။
၃။ သက်ဆိုင်ရာ လုပ်ငန်းရှင်များသည်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ တာဝန်ရှိသူအသီးသီး သည်လည်းကောင်း အချိန်ကာလ ရှည်လျားစွာ နစ်နာခဲ့ကြရပြီး ပြင်းထန်သည့် ရာသီဥတုဒဏ်အောက်ဝယ် ခြေလျှင်ခရီးရှည် ချီတက်နေရသော အလုပ်သမားများအား စာနာထောက်ထားလျက် ၎င်းတို့ တရားမျှတစွာ တောင်းဆိုလျက်ရှိသည့် (၃)ပွင့်ဆိုင် ဆွေးနွေး အဖြေရှာ ညှိနှိုင်းမှုကို အမြန်ဆုံး ဆောင်ရွက်ပေးကြပါရန်နှင့် အစဉ်လာဆိုးဖြစ်သော အကြမ်းဖက် ဖြိုခွင်း၊နှိပ်ကွပ်ခြင်းမျိုး လုံးဝ မပြုလုပ်ပါရန် မိမိတို့ပါတီက အလေး အနက် တောင်းဆိုအပ်ပါသည်။
၎။ အခြားသော အလုပ်သမားအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ အပါအဝင် အသီးသီးသော လူထုအဖွဲ့အစည်းများနှင့် ပြည်သူအများကလည်း ၎င်းတို့၏ အခြေခံရပိုင်ခွင့် အတွက် ခရီးရှည် လမ်းလျှောက် ချီတက်နေကြရသည့် သပိတ်မှောက်အလုပ်သမားများအား မိမိတို့ တတ်နိုင်သည့်နည်းဖြင့် ဝန်းရံ ကူညီ စောင့်ရှောက်ပေးကြပါရန် မိမိတို့ပါတီက လေးစားစွာ မေတ္တာရပ်ခံ၊ နှိုးဆော်အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်။

Continue Reading

သဘောထားထုတ်ပြန်ကြေညာချက် (၂/၂၀၁၆)

(၂ / ၂၀၁၆)

၁။ လွတ်မြောက်လာသော ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများကို မိမိတို့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုနှုတ်ခွန်းဆက်ပါသည်။

၂။ ထိုသို့ လွတ်မြောက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ရဲဘော်များ လွတ်မြောက် ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အစိုးရသစ်၏ အားထုတ်မှုများအပေါ် မိမိတို့ပါတီက လေးစားအသိအမှတ်ပြုပါသည်။

၃။ ပြန်လည်လွတ်မြောက်လာပြီး (၉၊၄၊၂၀၁၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်ပါ ရပ်တည်ချက်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်း ဆောင်များ၏ တရားဝင် ထုတ်ဖေါ်ပြောကြားချက်များကို မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံပါသည်။

၎။ ကျောင်းသားထုနှင့် လူမျိုးစုံမြန်မာပြည်သူတရပ်လုံး၏ ရေရှည်အကျိုးကို အပြည့်အ၀အာမခံသည့် အမျိုးသားပညာ ရေးဥပဒေတရပ် အခိုင်အမာ ပေါ်ထွက်လာရေးအတွက် ယခင်အစိုးရက ပစ်ပယ်ထားခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရသစ်၊ လွှတ်တော်သစ်တို့နှင့် ဆက်လက်ဆောင်ရွက်သွားကြရန် သက်ဆိုင်သူအားလုံးကို မိမိတို့ ပါတီက အလေးအနက် တိုက်တွန်းအပ်ပါသည်။

၅။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီတို့ အပါ အ၀င် ကျောင်းသားသမဂ္ဂများနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီမို ကရေစီပညာရေးလှုပ်ရှားမှုနှင့် မပြီးဆုံးသေးသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဆက်လက် သယ် ဆောင်ကြရမည့် ဒီမိုကရေစီအရေးတော်ပုံတပ်သားများ ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

၆။ သို့ပါ၍ ဒီမိုကရေစီအရေးတော်ပုံတပ်သားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှု ပျက်ပြားအောင်၊ အထင်အ မြင် လွဲမှားအောင်၊ အပြန်အလှန်တန်ဖိုးထားမှု လျော့ပါးအောင် ရည်ရွယ်ချက်ရှိရှိ အကွက်ချ ပြောဆိုရေးသားနေမှုများ ကို မိမိတို့ပါတီက အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်။

၇။ မိမိတို့ပါတီသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အပါအဝင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရသစ်၏ လွှတ်တော်တွင်းဆောင်ရွက်မှုများနှင့် ဆက်စပ်၊ အကောင်အထည်ဖော်သွားရေးအတွက် မိတ်ဆွေ နိုင်ငံ ရေးအင်အားစုများ၊ ဗကသများအဖွဲ့ချုပ် အပါအဝင် ကျောင်းသားအင်အားစုများ၊ တိုင်းရင်းသားပြည်သူများ၊ အရပ်ဖက် အင်အားစုများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့နှင့် ဆက်လက် ပူးပေါင်းဆောင် ရွက်၊ အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း လေးလေးနက်နက် ဖော်ပြအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၁၁ ရက်။

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရသစ်သို့ တိုက်တွန်းအကြံပြုချက်


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းလိုက်သည့် အစိုးရသစ် ကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နွေးထွေးစွာ ကြိုဆိုပါသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းနှင့် အစိုးရ သစ်ကို ယခုကဲ့သို့ ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ခြင်းတို့သည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်သလို လူထုလူတန်းစားအသီးသီးနှင့် လူမျိုးစုံပြည်သူတို့၏ ဒီမိုကရေစီရေးတိုက်ပွဲတလျှောက်လုံး ဘ၀ပေါင်းများစွာ၊အသက်ပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ကာ မဆုတ်မနစ် ရုန်းကန်တိုက်ပွဲ ၀င်ခဲ့မှုများကြောင့်လည်း ဖြစ်သည်ဟု မိမိတို့ပါတီက ခံယူပါသည်။
အစိုးရသစ်အနေဖြင့် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာ၏ ထောက်ခံဝန်းရံမှုများ၊ မျှော်လင့်မှုများကို ရရှိပိုင်ဆိုင်ထား နိုင်သည့်အတွက် မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူပါသည်။ ဤသို့သော ထောက်ခံဝန်းရံမှုမျိုးသည် အစိုးရတရပ် အဖို့ တန်ဖိုးဖြတ်၍မရသော အင်အားများ ဖြစ်ပါသည်။
တပြိုင်တည်းတွင် အစိုးရသစ်အဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိတ်ဆို့ကန့်သတ်ထားမှုများအောက်တွင် စိန်ခေါ် ချက်များ၊ အခက်အခဲများကိုလည်းကောင်း၊ ယခင်အစိုးရက မီးမွှေးချန်ထားပစ်ခဲ့သော ပြဿနာမျိုးစုံကိုလည်းကောင်း မရှောင်မလွှဲ သာ ရင်ဆိုင်ကြရလိမ့်မည်ဟု မိမိတို့ပါတီက သုံးသပ်ပါသည်
လူမျိုးစုံပြည်သူတို့၏ မျှော်လင့်ချက်များကို ဖြည့်စွမ်းနိုင်ဖို့နှင့် အခက်အခဲအတားအဆီးတိုင်းကို ကျော်လွှားနိုင်ဖို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဟာမိတ်စည်းကို ကျယ်ကျယ်ဖွင့်ထားရန် လိုအပ်ပါသည်။ မဟာမိတ်များနှင့် လူထုတရပ် လုံး၏ အပြည့်အ၀ ၀န်းရံလက်တွဲဆောင်ရွက်မှုကို တန်ဖိုးထားစွာဖြင့် လမ်းဖွင့်ကြိုဆို ရယူနိုင်ရန် လိုအပ်သည်ဟု အလေးအနက် အကြံပြုအပ်ပါသည်။ ထို့အပြင်
 ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊အလုပ်သမား၊လယ်သမားများအပါအ၀င် မတရားဖမ်းဆီးခံထားကြရသည့် နိုင်ငံ ရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရေး၊
 ယခင်အစိုးရများကြောင့် နိုင်ငံတကာသို့ ရောက်ရှိနေကြသော အင်အားစုများ ပြည်တွင်းသို့ ပြန်လာခွင့် ရရှိရေး၊
 လက်နက်ကိုင်တော်လှန်ရေးအင်အားစုအသီးသီး ငြိမ်းချမ်းရေး တံခါးပွင့်သွားရေးတို့အတွက်
အစိုးရသစ်အနေဖြင့် ပွဲဦးထွက်ခြေလှမ်းတလှမ်းအဖြစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို အမြန်ဆုံး ကြေညာပေးသင့် ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။
မိမိတို့ပါတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အဖိနှိပ်ခံများလွတ်မြောက်ရေးနှင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များအတွက် ကျရာအခန်းမှ အတက်ကြွဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မှန်ကန်သည့် လုပ်ရပ်များကို မိမိတို့ပါတီ ၏ (၂၈) နှစ်တာ သက်တမ်းတလျှောက် ၀န်းရံထောက်ခံခဲ့သည့်နည်းတူ ယခုကာလများမှာလည်း မိတ်ဆွေပီသစွာ ဆက်လက် ၀န်းရံသွားမည်ဖြစ်ကြောင်း မိမိတို့ပါတီ၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၅ ရက်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၀) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ (မူကြမ်း)

၁။ ကယန်းပြည်သူတို့၏ ကယန်းအမျိုးသားထုတရပ်လုံးကို နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။ အမျိုးသားပေါင်းစည်းမှု အောင်မြင်ခြင်းအမှတ်အသားဖြစ်သည့် ကယန်းအမျိုးသားနေ့ အခါ သမယတွင် မိမိတို့ပါတီက ဤဂုဏ်ပြုသဝဏ်လွှာဖြင့်

၂။ ကယန်းအမျိုးသားပြည်သူတို့ သမိုင်းတလျှောက် စွဲမြဲခိုင်မာစွာ ကိုင်စွဲခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စံနစ် အကုန်အစင် ဖျက်သိမ်းရေး စသည့် ရပ်တည် ချက်များကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ပြည့်ပြည့်ဝဝ ထောက်ခံပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။

၃။ ရှေ့ အနာဂတ်ကာလများတွင်လည်း မပြီးပြတ်နိုင်သေးသည့် လူမျိုးစုံအမျိုးသားပြည်သူတို့ လွတ်မြောက်ရေး၊ ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ် ပြည် ထောင်စုကြီး တည်ဆောက်ရေး စသည့် တာဝန်များ ပြီးပြတ်အောင်မြင်သည်ထိ မိမိတို့ပါတီသည် ကယန်းအမျိုးသားပြည်သူ တို့နှင့် အခိုင် အမာ သွေးစည်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ချစ်ကြည်စွာ ဖော်ပြလျက် ဤ သဝဏ်လွှာကို ပေးပို့ ဂုဏ်ပြု အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ၊ (၁၀) ရက်။

Continue Reading

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရမှု (၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ


၁။ ဒီမိုကရေစီပညာရေးစနစ် ပြုပြင်ပြောင်းလဲပေးရန် ငြိမ်းချမ်းစွာ သပိတ်မှောက်တောင်းဆိုနေသော ပင်မသပိတ်စစ် ကြောင်းမှ ကျောင်းသူကျောင်းသားများနှင့် ၀န်းရံပြည်သူများအား အများပြည်သူ မြင်ကွင်းရှေ့ လမ်းမအလယ်တွင် ရက်စက် ကြမ်းကြုတ်စွာ ရိုက်နှက်ဖြိုခွင်းခဲ့သည့် မတ်လ ၁၀ ရက် အကြမ်းဖက်မှုအရေးအခင်းကြီးသည် ယနေ့ (၁၀၊၃၊၂၀၁၆ ရက်နေ့) တွင် တစ်နှစ်တင်းတင်းပြည့်ပြီ ဖြစ်သည်။
၂။ မိမိတို့ပါတီသည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး၊ ခိုင်မာသည့်အမျိုးသားပညာရေးဥပဒေတရပ် ချမှတ်နိုင်ရေး အတွက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တွင် ဗကသများအဖွဲ့ချုပ်အပါအ၀င် ကျောင်းသူ ကျောင်းသားများ၊ ဆရာဆရာမများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့်အတူ အစဉ်တစိုက် လက်တွဲ ဆောင်ရွက်ခဲ့ပါသည်။
၃။ အစိုးရမှ တဖက်သတ်ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ကျောင်းသူ ကျောင်းသားများ၏ သပိတ်မှောက်ခရီးရှည်ချီတက်ပွဲကိုလည်း မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံခဲ့ပါသည်။ မိမိတို့ ပါတီ သည် ကျောင်းသားများ တင်ပြသည့် တင်ပြချက်(၁၁) ချက်ကို အပြည့်အ၀ ထောက်ခံသည့်အပြင် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲဖြင့် သဘောတူညီချက်များ ရှာဖွေကြမည်ဆိုသည့် အစီအစဉ်ကိုလည်း ထောက်ခံခဲ့ပါသည်။
၎။ အစိုးရနှင့် အာဏာပိုင်အဆင့်ဆင့်တို့က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲသဘောတူညီချက်များကို ဖောက်ဖျက်
ကာ ငြိမ်းချမ်းစွာသပိတ်မှောက်တောင်းဆိုနေသော ကျောင်းသားများနှင့် ၀န်းရံပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်း၊ အကြမ်းဖက်ခံရသူ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို တရားရုံးများစွာတွင် ပုဒ်မအမျိုးမျိုး တပ် လျက် တရားမဲ့စွာ တရားစွဲဆိုနေခြင်း၊ အကြမ်းဖက်မှုတွင် ကျင့်ဝတ်နှင့်မညီ ပြုမူခဲ့မှုတို့အတွက် တာဝန်ရှိသူတို့ကို ဖော်ထုတ် အရေးယူသင့်ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က တရားဝင် တိုက်တွန်းထားပါလျက် အကြမ်းဖက်မှုကျူးလွန် သူတို့ကို တစုံတရာစုံစမ်းဖော်ထုတ်ခြင်းမရှိဘဲ လစ်လျူရှုပစ်ပယ်ထားခြင်းများကို မိမိတို့ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါသည်။
၅။ ဤကျူးလွန်မှုများသည် လက်ရှိ မိမိတို့နိုင်ငံ ဦးတည်ဆောင်ရွက်ကြရမည့် ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး ၊ အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး စသည့် နိုင်ငံရေး ရည်မှန်း ချက်များနှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် သွေဖည်နေသည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။
၆။ အကြမ်းဖက်ခံရမှု (၁)နှစ်ပြည့်သည့်နေ့တွင် မိမိတို့ပါတီက
• နိုင်ငံ၏ အနာဂတ်ပညာရေးအတွက် ရဲဝံ့စွာ အရိုက် နှက် အညှဉ်းပမ်းခံ တိုက်ပွဲဝင်ခဲ့ကြသော ဗကသများအဖွဲ့ ချုပ် ရဲဘော်များအပါအဝင် ကျောင်းသူကျောင်းသားများနှင့် ဝန်းရံပြည်သူများကို လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
• မတ်လ ၁၀ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးအတွက် တာဝန်ရှိသူအဆင့်ဆင့်ကို မိမိတို့ပါတီက အပြင်း အထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး၊ ၎င်း တာဝန်ရှိသူများအား ဖော်ထုတ်၊အရေးယူရန်နှင့် ဖမ်းဆီး ညှဉ်းပမ်းခံ နေကြရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အလေးအနက် တောင်းဆိုပါသည်။

• လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲရလဒ်နှင့် ကတိကဝတ်များကို လေးစားလိုက်နာလျက် အမြန်ဆုံး အကောင် အထည် ဖော်ဆောင်ပေးပါရန် တာဝန်ရှိသော အာဏာပိုင်များအား အလေးအနက် တိုက်တွန်း တောင်းဆိုပါသည်။
• မိမိတို့ပါတီအနေဖြင့် နိုင်ငံ၏ အနာဂတ်အတွက် ခေတ်မီ ဆီလျော်၍၊ ပြည်သူအများ လိုအပ်ချက်နှင့် ကိုက်ညီ သော ဒီမိုကရေစီပညာရေးစနစ်သစ်တရပ် အောင်အောင်မြင်မြင် ပေါ်ပေါက်လာသည်အထိ ညီနောင် ဗကသများ
အဖွဲ့ ချုပ်နှင့် NNER အပါအဝင် ကျောင်းသား ပြည်သူများ၊ လူမှုအဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းလက်တွဲ
ကာ ကျရာအခန်းမှ တက်ကြွစွာ ထမ်းရွက်သွားမည်ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ ကတိသစ္စာ ပြုအပ်ပါ သည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မတ်လ၊ ၁၀ ရက်။

Continue Reading

(၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ

၁။ ကယန်းပြည်သူတို့၏ အမျိုးသားပေါင်းစည်းမှု အောင်မြင်ခြင်းအမှတ်အသားဖြစ်သည့် ကယန်းအမျိုးသားနေ့ အခါ သမယတွင် မိမိတို့ပါတီက ဤဂုဏ်ပြုသဝဏ်လွှာဖြင့် ကယန်းအမျိုးသားထုတရပ်လုံးကို နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။

၂။ ကယန်းအမျိုးသားပြည်သူတို့ သမိုင်းတလျှောက် စွဲမြဲခိုင်မာစွာ ကိုင်စွဲခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စံနစ် အကုန်အစင် ဖျက်သိမ်းရေး စသည့် ရပ်တည် ချက်များကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ပြည့်ပြည့်ဝဝ ထောက်ခံပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။

၃။ ရှေ့ အနာဂတ်ကာလများတွင်လည်း မပြီးပြတ်နိုင်သေးသည့် လူမျိုးစုံအမျိုးသားပြည်သူတို့ လွတ်မြောက်ရေး၊ ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ် ပြည် ထောင်စုကြီး တည်ဆောက်ရေး စသည့် တာဝန်များ ပြီးပြတ်အောင်မြင်သည်ထိ မိမိတို့ပါတီသည် ကယန်းအမျိုးသားပြည်သူ တို့နှင့် အခိုင် အမာ သွေးစည်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ချစ်ကြည်စွာ ဖော်ပြလျက် ဤ သဝဏ်လွှာကို ပေးပို့ ဂုဏ်ပြု အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ၊ (၁၀) ရက်။

Continue Reading

ဗိုလ်အောင်ကျော် နှစ်(၁၀ဝ)ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ


၁။ ၁၃၀၀ ပြည့် အရေးတော်ပုံသူရဲကောင်း၊ ကျောင်းသားအာဇာနည် ရဲဘော် ဗိုလ်အောင်ကျော်၏ နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူ၊ ဝမ်းမြောက်စွာ သဝဏ်လွှာ ပေးပို့အပ်ပါသည်။
၂။ ဤ သူရဲကောင်းအာဇာနည်သည် မိမိတို့သမိုင်း၏ နယ်ချဲ့ ဖက်ဆစ် ဆန့်ကျင်ရေး၊ အဖိနှိပ်ခံ အမျိုးသားပြည်သူတို့ လွတ် မြောက်ရေး၊ ကိုလိုနီ ကျွန်ပညာကို ဖျက်သိမ်းလျက် လွတ်လပ်သော အမျိုးသားပညာရေးစံနစ် ထူထောင်ရေး၊ ဗိုလ်ကျစိုးမိုးသည့် အာဏာကို အာခံတော်လှန်ရေး စသည်တို့အတွက် ဂုဏ်ပြောင်သော အထိမ်းအမှတ်၊ မော်ကွန်း တစ်ရပ်ပင် ဖြစ်သည်။
၃။ အဖိနှိပ်ခံ အမျိုးသားပြည်သူတို့ လွတ်မြောက်ရေးတိုက်ပွဲ၏ အခန်းဆက်အဖြစ် မြန်မာပြည်သူများ ဆင်နွှဲလျက်ရှိကြသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်သော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အရေးတော်ပုံ သည် ယနေ့တိုင် ဆုံးခန်းမတိုင်၊ မအောင်မြင်နိုင်သေးဘဲ အကြပ်အတည်းပေါင်းစုံကို အံတု၊ ရုန်းကန်နေကြရဆဲ ဖြစ်ပေသည်။
၎။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုကြီးနှင့် အခိုင်အမာ လက်တွဲလျက် ဤ အရေးတော်ပုံကြီး ဆုံးခန်းတိုင်၊ အောင်မြင်သည်အထိ ကျရာအခန်းကဏ္ဍမှ တတပ်တအား ပါဝင် တာဝန်ထမ်းရွက်မည် ဟု အာဇာနည် ရဲဘော် ဗိုလ်အောင်ကျော်၏ နှစ်(၁၀၀)ပြည့် နေ့မြတ် အခါသမယတွင် ကတိဓိဋ္ဌာန် ပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ ရက်။

Continue Reading

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပြည်မြို့နယ်ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်းဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

ပြည်သူ့တိုးတက်ရေးပါတီ ပြည်မြို့နယ် အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်း သည် (၁၁၊ ၂၊ ၂၀၁၆) နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် မိသားစုဝင်များနည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီကဝမ်းနည်းသဝဏ်လွှာပေးပို့အပ်ပါသည်။

မိမိတို့ ပါတီအပေါ်၌လည်းကောင်း၊ အဖိနှိပ်ခံ လူမျိုးစုံ ဗမာပြည်သူလူထုကြီးအပေါ်၌လည်းကောင်း တည်ငြိမ် ရဲရင့်စွာ စွဲမြဲ ခိုင်ကြည်ခဲ့သည့် မိတ်ကောင်းဆွေမွန် ပီသသော သစ္စာစောင့်သိမှုများနှင့် တာဝန်သိသိ ဆောင်ရွက်ခဲ့မှုများအတွက် မိမိတို့ ပါတီက အစဉ် ဂုဏ်ယူ၊ မှတ်တမ်း တင်ထားမည် ဖြစ်ပါကြောင်းလည်း ဂုဏ်ပြု၊ ဖော်ပြအပ်ပါသည်.။

Continue Reading